• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Development

တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ ရေရှည် ဖြေရှင်းမှ ရမယ်

by ဧရာဝတီ
5 March 2014
in Development
A A
မြို့ပြဖွံ့ဖြိုးရေး, ရန်ကုန်, YCDC, ဒေါက်တာ ကျော်လတ်

YCDC အကြံပေး ပညာရှင် ဒေါက်တာ ကျော်လတ် (ဓာတ်ပုံ - ထက်နိုင်ဇော် / ဧရာဝတီ)

7.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီးတွင် ပိုမို ကြုံတွေ့လာရသည့် ကျူးကျော်ပြဿနာများ၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးလာမှုနှင့် ခေါင်ခိုက်နေသော အိမ်၊ ခြံ၊ မြေ ရောင်းဈေး၊ ငှားဈေးများကြောင့် လူတန်းစားတိုင်း လက်လှမ်းမမီနိုင်ခြင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ၏ မြို့ပြစီမံကိန်း အစီအစဉ်များ၊ ရန်ကုန်မြို့တော် နေရာချဲ့ထွင်မှု မူဝါဒများနှင့် တန်ဖိုးနည်း အိမ်ရာဖော်ထုတ်ထားမှု အခြေအနေများကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က YCDC အကြံပေး ပညာရှင် ဒေါက်တာ ကျော်လတ်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။     ။ ရန်ကုန်မြို့မှာ အခုဆိုရင် ကျူးကျော်တွေ အများကြီးတွေ့လာရတယ်။ အဲဒီပြဿနာ ဘာကြောင့် ပေါ်ပေါက်လာတာလဲ။ ဒီကျူးကျော်ပြဿနာတွေကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
93
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
84
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
901

ဖြေ ။     ။ ရန်ကုန်မှာ ကျူးကျော်တွေ ပိုတိုးလာတယ်ဆိုတာ လက်ခံပါတယ်။ အဓိကအားဖြင့်တော့ လှိုင်သာယာဘက်ပေါ့နော်။ မြို့ အစွန်အဖျားတွေမှာ ပိုဆိုးတယ်။ သို့သော် ဒီမြို့ထဲပိုင်းကတော့ ကျူးကျော်တိုးလို့ မရပါဘူး။ ကျူးကျော်ရဲ့ ပြဿနာက တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ ရေရှည် ဖြေရှင်းမှ ရမယ်။ ကျူးကျော်တွေ ဘာကြောင့် ပေါ်လာလဲဆိုရင် ကျေးလက်ဒေသတွေက လူတွေမှာ လုပ်ကိုင်စားသောက်စရာ အခြေအနေမပေးလို့ သူတို့က မြို့ကို တက်လာကြတာ။ ဒါက ရှင်းတယ်။ အဲဒီတော့ ကျေးလက်ဒေသတွေကို လုပ်ကိုင်စားသောက်လို့ရအောင် အခြေအနေပေးပါလားလို့ သွားပြောရင်လည်း အလွယ်တကူ ပြောရာရောက်မယ်။ သူတို့မှာ လုပ်ကိုင်စားသောက်ဖို့အတွက် စိုက်ပျိုးမြေက လျော့လျော့လာတယ်။ နည်းလားတယ်။ အဲဒါက Land-man ratio လို့ ခေါ်တယ်။ လူဦးရေနဲ့ မြေနဲ့ အချိုးအစားပေါ့နော်။ ဒါက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကတည်းက မြန်မာပညာရှင် ဒေါက်တာ လှမြင့် (လန်ဒန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ) ဆိုတဲ့ သူက ပြောခဲ့ပြီးပြီ။ Land-man ratio က လျော့လျော့လာတယ်။ ကျနော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အဲဒါအခက်အခဲ ဖြစ်တော့မယ်လို့ ပြောတယ်။

အခုက စိုက်ပျိုးမြေကို တိုးချဲ့ဖို့ကလည်း မလွယ်ဘူး။ ကျေးလက်ဒေသတွေမှာ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းလောက်က မြေမပိုင်ဘူး။ ၃၀၊ ၄၀ ရာခိုင်နှုန်းလောက်ပဲ မြေပိုင်တယ်။ သူတို့က လုပ်ကိုင်စားသောက်ဖို့ မြေနေရာမရှိတဲ့ အတွက်ကြောင့်မိုလို့ မြို့ကိုတက်လာတယ်။ မြို့ရောက်လာတော့ စစချင်းပြဿနာက သူတို့မှာ နေစရာမရှိတာ။ နောက်တခုက အလုပ်အကိုင် မရှိဘူး။ အလုပ်အကိုင် ပြဿနာ ဖြစ်တဲ့အတွက် လမ်းဘေးဈေးသည်ဆိုတာ ပေါ်လာတယ်။ Services sector လို့ခေါ်တဲ့ ပံပိုးမှု ပေးရတဲ့ အလုပ်အကိုင်တွေမှာ ဝင်လုပ်ကြတယ်။

ပြဿနာက ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်လောက်ကတည်းက ၁၉၈၈ ခုနှစ်ကတည်းက ကျနော်တို့က ဈေးကွက်စီးပွားရေး စနစ်ကို သွားပါ့မယ်လို့ ပြောခဲ့ပြီးပြီ။ အဲဒီ ဈေးကွက်စီးပွားရေး စနစ်သွားတာ တချိန်တည်းမှာပဲ ကျနော်တို့က စက်မှုကဏ္ဍကို တည်ထောင်ရမှာ။ အဲလိုမလုပ်ဘဲနဲ့ မြန်မာပြည်မှာရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီကြီးတွေက မြန်မာပြည်မှာရှိတဲ့ သယံဇာတတွေကိုပဲ ထုတ်ရောင်းတယ်။ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် စက်ရုံအလုပ်ရုံတွေ မထောင်ကြဘူး။ မြန်မာပြည် စီးပွားရေးမှာ ထိပ်ဆုံးမှာရောက်နေတဲ့ ကုမ္ပဏီကြီးတွေက စက်ရုံအလုပ်ရုံထောင် ချမ်းသာတာ မဟုတ်ဘဲနဲ့ တိုင်းပြည်မှာရှိတဲ့ သယံဇာတတွေကို ရောင်းစားဖို့ပဲ လုပ်နေကြတာ။ အဲဒီအခါကျတော့ စက်မှုကဏ္ဍပေါ်ပေါက်လာလို့ ရှိရင် ဘာတွေ အကျိုးရှိလဲဆိုတော့ တစ်က ကျနော်တို့လူတွေ အလုပ်အကိုင်တွေ ရကြမယ်။ အဲလို အလုပ်အကိုင် ကောင်းကောင်းမွန်မွန် ရရှိတယ်ဆိုရင် လူတွေဟာ ကျူးကျော်မှာ သွားနေမှာ မဟုတ်တော့ဘူး။

အခုသမ္မတကြီး ပြောပြောနေတဲ့ ဆင်းရဲမှု ပပျောက်ရေး၊ လျော့ကျရေးဆိုတာ အဲဒါက ဘာမှသိပ်မခက်ဘူး။ ကျနော်တို့ တိုင်းပြည်မှာ စက်မှုလုပ်ငန်းတွေကို အားပေးလို့ စက်ရုံအလုပ်ရုံကြီးတွေ ပေါ်လာရင် လူတွေ အလုပ်ရမယ်။ လူတွေ အလုပ်ရရင် ဆင်းရဲမွဲတေမှုကလည်း အလိုလိုလျော့နည်းသွားလိမ့်မယ်။

ပြန်ကောက်ရရင် သစ်တောတွေ၊ သယံဇာတတွေ ထုတ်ရောင်းပြီး ချမ်းသာအောင် လုပ်နေမယ်ဆိုရင်တော့ ကျူးကျော် ရပ်ကွက်ကလည်း အမြဲတမ်းပေါ်နေဦးမှာပဲ။ ဘယ်လိုမှလဲပဲ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ ရန်ကန်မြို့ကို နယ်ကနေဝင်လာမယ့် လူအားလုံးအတွက် အိမ်ရာတွေပေးဖို့ ဆောက်ကြဖို့ဆိုတာလည်းပဲ အတော်ကို မဖြစ်နိုင်သလောက်ပဲ။ ဒါက National economic policy လို့ခေါ်တဲ့ တမျိုးသားလုံးရဲ့ စီးပွားရေး မူဝါဒတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဖြစ်နေတယ်။

မေး ။     ။ အခု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ City plan တခု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ City plan မှာ ကျူးကျော်တွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားတာမျိုး ရှိလား။

ဖြေ ။     ။ ဂျပန်တွေက ရန်ကုန်မြို့မှာ ဒီစီမံကိန်း လုပ်မယ်ဆိုပြီး အသေးစိတ် လာစီစဉ်ပေးတာမျိုး မဟုတ်ဘူး။ အကြမ်းဖျဉ်း တနှစ်လောက် လာလေ့လာပြီးတော့ ရန်ကုန်မြို့ရဲ့ပုံတွေဆွဲပြီး ပြန်သွားတာပဲ ရှိတယ်။ လုပ်ရမှာက ကျနော်တို့ မြန်မာပြည် ကိုယ့်ဘာသာကိုယ် လုပ်ကြရမှာ။ ကိုယ့်တိုင်းပြည် တိုးတက်ဖို့ ဆိုတာက ကိုယ့်ဟာကိုယ်လုပ်မှ ရမှာ။ သူများ အကူအညီကို ထိုင်စောင့်နေလို့ ဘယ်လိုမှ မဖြစ်ဘူး။ ကျူးကျော်ကိစ္စကလည်း ကိုယ့်တိုင်းပြည် တိုးတက်လာပြီးတော့ စက်ရုံ၊ အလုပ်ရုံတွေ ပေါ်လာမယ်ဆိုရင် ဒီလူတွေဟာ အိမ်ရာတွေရှိလာပြီး နေထိုင်လာကြလိမ့်မယ်။

မြန်မာပြည်ကြီးက လွန်ခဲ့တဲ့ ၂၅ နှစ်က စက်မှုကဏ္ဍ တိုးတက်အောင် ဘာမှမလုပ်ခဲ့ဘူး။ GDP ဆိုရင်လည်း စက်မှုကဏ္ဍက ၁၅ ရာခိုင်နှုန်းလောက် အထိပဲ ပါခဲ့တာ။ အများစုကတော့ လယ်ယာစိုက်ပျိုးရေးနဲ့ တခြားဟာတွေပဲ ဖြစ်နေတယ်လေ။

မေး ။     ။ ရန်ကုန်မြို့မှာ လက်ရှိ လူဦးရေ ဘယ်လောက် ရှိလာလဲ။ သူတို့အတွက် အနာဂတ်မှာ လုံလောက်တဲ့ နေစရာတွေ ရှိရဲ့လား ။ ရှိလာအောင် ဘယ်လို အစီအစဉ်တွေ လုပ်ထားလဲ။

ဖြေ ။     ။ ရန်ကုန်မြို့မှာ လက်ရှိလူဦးရေ ၅ သန်းလောက်ရှိတယ်။ ရန်ကုန်မြို့က စတုရန်းမိုင် ၃၀၀ ကျော်ကျော်ရှိတယ်။ ရန်ကုန်မြို့က လူဦးရေ တိုးနေတယ်။ သဘာဝအလျောက် တိုးတာ ရှိတယ်။ တခြားနယ်တွေက ဝင်လာတာရှိတယ်။ ရန်ကုန်မြို့အတွက် အိမ်ရာတွေ အများကြီးဆောက်ဖို့ လိုတယ်။ ရန်ကုန်မြို့က တိုးချဲ့ဖို့လည်း လိုသေးတယ်။ တိုးချဲ့မယ်ဆိုရင်လည်း ရန်ကုန်မြို့ရဲ့ ပြဿနာက ဘာမှ အကျိုးမရှိတဲ့ လူတွေကနေပြီးတော့ အဲဒီမြေတွေကို ဝယ်ထားပြီးတော့ သူတို့က ဈေးကြီးကြီးနဲ့ ရောင်းတာတို့ ကန့်ကွက်ကြတာတို့ ဖြစ်နေတယ်။ အဲဒီတော့ ရန်ကုန်မြို့မြေကို တိုးချဲ့ဖို့ကလည်း အခက်အခဲက ရှိနေတယ်။ လက်ရှိအားဖြင့်ကတော့ စည်ပင်မှာရှိတဲ့ မြေကိုပဲ တိုးချဲ့ပြီး ဆောက်လုပ်နေတာမျိုး ရှိပြီးတော့ ဆက်လက် တိုးချဲ့ဖို့ဆိုတာကလည်း သိပ်ပြီးမပြောရဲသေးဘူး။ ဘယ်နေရာမှာ ဘယ်လိုချဲ့မယ်လို့ ပြောလိုက်တာနဲ့ ပြောတဲ့ နေရာမှာ မြေဈေးတွေ တက်ကုန်တယ်။ ဒါပေမယ့် စည်ပင်မှာရှိတဲ့ မြေတွေကိုတော့ အိမ်ရာတွေ အများကြီးဆောက်ဖို့ စီစဉ်နေတယ်။

မေး ။     ။ အခု မြောက်ဒဂုံလို မြို့နယ်မှာတောင် မြေဈေးတွေက ကျပ်သောင်းဂဏန်းအထိ ပေါက်နေတယ်။ ရန်ကုန်မြို့ပြကို ထပ်ချဲ့မယ်ဆိုရင် ချဲ့စရာနေရာရှိသေးလား။ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ညီမျှအောင် ဘယ်လိုလုပ်သင့်လဲ။

ဖြေ ။     ။ ထပ်ချဲ့စရာနေရာရှိလည်း ဆရာ မပြောနိုင်ဘူး။ ပြောလိုက်ရင် ရန်ကုန်မြို့တော် စည်ပင်က အကြံပေး ပညာရှင် ဒေါက်တာ ကျော်လတ်က ဒီနားမှာ မြို့တိုးချဲ့မယ်လို့ ပြောတယ်ဟေ့ဆိုရင် အဲဒီနားက မြေဈေးတွေ တခါတည်း တက်သွားလိမ့်မယ်။ အဲဒီကိစ္စကိုတော့ ပြောလို့မရဘူး၊ မပြောဘူး။ တချို့ကလည်းပဲ တွက်ချက်ပြီးတော့ မှန်းပြီးတော့ လုပ်နေကြတာလည်း ရှိတယ်။ ရန်ကုန်မြို့ကတော့ မတိုးချဲ့လို့ မရတော့ဘူး။

ရန်ကုန်မြို့က လူဦးရေ ၅ သန်းနဲ့ စတုရန်းမိုင် ၃၀၀ လောက်ရှိတယ်လို့ ပြောခဲ့တယ်။ အနားမှာ ရှိတဲ့ ဘန်ကောက်တို့၊ ဂျကာတာတို့၊ မနီလာတို့ ဆိုရင် ရန်ကုန်မြို့ထက်စာရင် ၃ ဆ၊ ၄ ဆလောက်ကြီးတယ်။ အဲတော့ မြို့က တိုးချဲ့ဖို့ လိုအပ်နေတယ်။ တိုးချဲ့ဖို့ ဆိုတာလည်းပဲ နိုင်ငံတော်မှာ မြေကိုသိမ်းရင် မြေကို ဘယ်လိုလျော်မလဲဆိုတဲ့ ဥပဒေတွေကလည်း တိတိကျကျ မပြဌာန်းရသေးဘူး။ အဓိက အရေးကြီးတာက Town Planning Law လို့ ခေါ်တယ်။ မြို့ပြစီမံကိန်း ဥပဒေဆိုတာ။ အဲဒါကလည်းပဲ အခုထက်ထိအောင် မပြဋ္ဌာန်းရသေးဘူး။ မြို့တော် စီမံကိန်း ဥပဒေအရ မြို့တွေက တစ် စီမံကိန်းဆွဲမယ်။ နှစ် အဲဒီစီမံကိန်းအတိုင်း ကြိုပြီးတော့ မြေတွေကို သိမ်းပိုင်ခွင့်ရှိတယ်။ သိမ်းတဲ့အခါမှာလည်း မြေတွေကို ဘယ်လောက်ဆိုရင် ဘယ်လို လျော်ကြေးပေးမယ်ဆိုတာ အတိအကျပါရမယ်။ အဲဒီလို ဟာမျိုးတွေပါတဲ့ မြို့ပြစီမံကိန်း ဥပဒေဆိုတာ မဆွဲရသေးဘူး။

ဆရာက လွန်ခဲ့တဲ့ တစ်နှစ်လောက်က ပြည်သူ့ခေတ်ဂျာနယ်မှာ မြို့ပြစီမံကိန်း ဥပဒေလိုပြီဆိုတာ ရေးဖူးတယ်။ မြို့ပြစီမံကိန်း ဥပဒေဆိုတာ လိုအပ်ပြီဆိုတာ ကျနော်ပြောခဲ့တယ်။ အဲဒါကို အခုထက်ထိအောင် ဘယ်သူမှ ဘာမှ မလုပ်သေးတော့ ဆရာလည်း မတတ်နိုင်ဘူး။ ရန်ကုန်စည်ပင်က ဒီဥပဒေကို ဆွဲလို့မရဘူး။ ပြည်ထောင်စုကြီးက ပြဋ္ဌာန်းရမယ့် ကိစ္စပါ။ ဒါပေမယ့် အဲဒီ မြို့ပြစီမံကိန်း ဥပဒေကို အခုထက်ထိအောင် မပြဋ္ဌာန်းကြသေးဘူးဆိုရင်တော့ မြို့တွေက တိုးချဲ့ဖို့ခက်တယ်။

ရန်ကုန်မြို့တင် မကဘူး၊ မြန်မာပြည်တခုလုံးက မြို့တွေအားလုံး တိုးချဲ့ဖို့ ခက်လိမ့်မယ်။ တိုးချဲ့ဖို့လည်း လိုအပ်နေလိမ့်မယ်။ စောစောက ပြောသလို Land-man ratio ကလျော့နေတယ်။ လျော့တဲ့အတွက်ကြောင့်မိုလို့ လူတွေဟာ သူတို့ရဲ့ ကျေးလက်ဒေသတွေကို စွန့်ခွာပြီး မြို့တွေကို တက်ကြလိမ့်မယ်။ အခုနောင်လာမယ့် နှစ်ပေါင်း ၃၀ လောက်မှာ မြို့တွေ အားလုံးနီးပါးက နှစ်ဆမက ကြီးလာလိမ့်မယ်။ မြို့တွေအားလုံးကို တိုးချဲ့ရမယ်။ တိုးလာတဲ့ လူအားလုံးကို အလုပ်အကိုင်ပေးဖို့ စက်ရုံ အလုပ်ရုံတွေ ဆောက်ကြရလိမ့်မယ်။ စက်ရုံအလုပ်ရုံတွေ မရှိဘူးဆိုရင်တော့ လူတွေ အများစုက ဈေးရောင်းလိုက်၊ ဈေးဝယ်လိုက် ဟိုသွားလိုက် ဒီသွားလိုက်နဲ့ အဲဒါပဲ ဖြစ်နေလိမ့်မယ်။

မေး ။     ။ ရန်ကုန်က မြို့နယ်တိုင်းနီးပါးမှာ ကျူးကျော်တွေရှိတယ်ဆိုတော့ အဲဒီကျူးကျော်တွေ အားလုံးကို ဒီနှစ်ထဲမှာ စီမံချက်ပုံစံမျိုးနဲ့ ရှင်းလင်းဖို့ရှိလား။

ဖြေ ။     ။ အဲဒါတော့ မသိဘူး။

မေး ။     ။ အခုတန်ဖိုးနည်း အိမ်ရာတွေ ဖော်ထုတ်နေတာမျိုးရှိတော့ ဘယ်လိုမြင်လဲ။ အမှန်တကယ် နေထိုင်စရာ မရှိတဲ့ သူတွေအတွက် အထောက်အကူ ဖြစ်ရဲ့လား။

ဖြေ ။     ။ တိုင်းပြည်မှာ ကိုယ့်ပစ္စည်းကိုယ် မထုတ်နိုင်ဘူးဆိုတဲ့ ပြဿနာကြောင့် ဒီပြဿနာကလည်း ပြေလည်မှာ မဟုတ်ဘူး။ အခုက ကျနော်တို့က တန်ဖိုးနည်းဆိုပြီး တဲအိမ်လေးဆောက်တယ် ဆိုကြပါစို့။ တဲလေးတွေက အကြောင်းအမျိုးမျိုးနဲ့ မီးလောင်သွားနိုင်တယ်။ သူတို့က ဒုက္ခအမျိုးမျိုးနဲ့ တွေ့နိုင်တယ်။ ဖြစ်နိုင်လို့ရှိရင်တော့ သူတို့အတွက် တိုက်ခန်းပေါ့။ ဒါမှလည်းပဲ လုံလုံခြုံခြုံ ရှိမယ်။ အဲဒီလို ဆောက်ဖို့အတွက်က တိုက်ခန်းတခန်း ဆောက်ရင် သိန်း ၂၀၀၊ ၂၅၀ က ကုန်နေတယ်။ သိန်း ၂၅၀ က ဘာလို့ကုန်ရတာလဲ ဆိုရင် သူ့အခြေအနေအရကို ကုန်ရတာလည်း ပါတယ်။ ကျနော်တို့က ဘာပဲ ဖြစ်ဖြစ် ဥပမာ ဘိလပ်မြေ နိုင်ငံခြားက သွင်းရတယ်။ ရေပိုက်တွေ တော်တော်များများ နိုင်ငံခြားက သွင်းရတယ်။ လျှပ်စစ်ကြိုးလည်း သွင်းရတာပဲ။ မီးလုံးလည်း သွင်းရတယ်။ စက်မှုကိရိယာ အကုန်လုံး နိုင်ငံခြားက သွင်းရတယ်။

ဘိလပ်မြေကအစ တော်တော်များများ အကုန်လုံးနိုင်ငံခြားက သွင်းရတဲ့အခါကျတော့ ဘန်ကောက်က အခု Elephant brand လို့ ခေါ်တဲ့ ဆင်တံဆိပ် ဘိလပ်မြေက ဟိုမှာ ၃ ဒေါ်လာပဲ ရှိပြီးတော့ ဒီမှာ ငွေ ခြောက်ထောင်လောက် ပေးနေရတယ်။ အဲဒီတော့ ကိုယ့်တိုင်းပြည်မှာ ကိုယ့်ဟာကို မထုတ်နိုင်သေးသမျှ ကာလပတ်လုံး ဒီတန်ဖိုးနည်း အိမ်ရာဆိုတာက လူတွေ အများစုတတ်နိုင်တဲ့ တန်းဖိုးနည်း အိမ်ရာ ဖြစ်မှာ မဟုတ်ဘူး။ ဈေးကြီးနေမှာပဲ။ အဲဒီတော့ အရေးကြီးတာက ဘိလပ်မြေလိုဟာမျိုး၊ ကိုယ့်တိုင်းပြည်မှာကို ထုတ်ဖို့သင့်တာပေါ့။ ကျနော်တို့တိုင်းပြည်မှာ ဘိလပ်မြေထုတ်ဖို့ ထုံးကျောက်လည်း ရှိတယ်။ ဂတ်စ်လည်း ရှိတယ် ကိုယ့်တိုင်းပြည်က လုံလောက်အောင် မထုတ်နိုင်တဲ့အတွက် အခုထက်ထိအောင် သွင်းနေရတယ်။ သွင်းရတော့ ဈေးပိုကြီးတယ်။ ဈေးပိုကြီးတဲ့ အတွက်ကြောင့်မိုလို့ အိမ်တလုံးက လူတွေ မတတ်နိုင်တဲ့ တန်ဖိုးတွေ ဖြစ်နေတယ်။ အခုတန်ဖိုးနည်းလို့ မခေါ်ကြ၊ မသုံးကြတော့ဘဲနဲ့ တန်းဖိုးအသင့်အတင့်လို့ ပြောင်းခေါ်နေကြပြီ။

မေး ။     ။ အမှန်တကယ်ကို နေထိုင်စရာမရှိတဲ့ သူတွေအတွက် နေထိုင်စရာတွေက အန်ကယ်ပြောတဲ့ မြို့ပြစီမံကိန်း ဥပဒေပေါ်လာရင် အဆင်ပြေနိုင်လား။

ဖြေ ။     ။ မြို့ပြစီမံကိန်း ဥပဒေဆိုတာက မြို့တွေကို တိုးချဲ့လို့ရှိရင် နေရာလွယ်လွယ်ကူကူ ရနိုင်တယ်။ အဲဒါလောက်ပဲ ဖြစ်မယ်။ လူတွေကို အိမ်ရာတွေ ပေးဖို့ ဆိုတာကတော့ သူတို့အတွက် အလုပ်အကိုင်တွေ ပေါ်ပေါက်ဖို့လိုတယ်။ လူတွေအတွက် အလုပ်အကိုင်တွေ မပေါ်ပေါက်ဘဲနဲ့ သစ်တောတွေ ရောင်းစားမယ်။ သယံဇာတ ပစ္စည်းတွေ၊ ရွှေတွေပဲ ရောင်းစားမယ်ဆိုရင်တော့ လူတွေလည်း အလုပ်အကိုင်မရဘူး။ ဝင်ငွေလည်း မရှိဘူး။ သူတို့အတွက်လည်း အိမ်ရာတွေ ရှိမှာ မဟုတ်တော့ဘူး။

Your Thoughts …
Tags: Interviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

by ဧရာဝတီ
29 July 2013
19.9k

တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား...

Next Post

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပြင်ဆင် ဆွေးနွေး အတည်ပြုမည်

စီးပွားရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဆိုင်ရာ ဟောပြောပွဲ ကျင်းပမည်

Please login to join discussion
No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate