ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။ ယင်း ဥပဒေသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်အတွင်းက ပြဌာန်း ခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီး ထောင် ချ အရေးယူခြင်းများ၊ တရားရင်ဆိုင်နေရမှုလည်း ရှိနေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။