ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ကျင်းပမည့် အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တပ်မတော်မှ ကိုယ်စားလှယ် များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲကို မတ် ၉ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မတ် ၄ ရက်နေ့က ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ကျင်းပသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ သတင်းစာ ရှင်း လင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။