Air China လေကြောင်းလိုင်းက လေကြောင်း ခရီးစဉ်သစ် တခုကို လာမည့် ဧပြီလဆန်းမှ စ၍ ပြေးဆွဲရန် စီစဉ်နေကြောင်း သိရ သည်။ ယင်း ခရီးစဉ်မှာ ရန်ကုန်-ကူမင်း-ချန်ဒူး နေ့စဉ်ပြေးဆွဲမည့် ခရီးစဉ် ဖြစ်ကြောင်း၊ နေ့စဉ် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာကာ တရုတ်နိုင်ငံ ကူမင်းသို့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ ကူမင်းလေဆိပ်မှ ညနေ ၄ နာရီ ၅၅ မိနစ်တွင် ထွက်ခွာကာ တရုတ်နိုင်ငံ ချန်ဒူးလေဆိပ်သို့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း၊ ယခင် ပြေးဆွဲနေသည့် ရန်ကုန်-ဘေကျင်း-ရန်ကုန် ခရီးစဉ်ကို ညပိုင်းသို့ ပြောင်းလဲပြေးဆွဲမည် ဖြစ် ကြောင်း၊ ခရီးစဉ်များအတွက် ခရီးသည် ၁၂၅ ဦးဆံ့သော ၇၃၇-၇၀၀ လေယာဉ်ဖြင့် ပြေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။