သတင်းမီဒီယာများ အနေဖြင့် ဧပြီ ၁ မှ ၅ ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်မည့် ၁၈ ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး (18th ASEAN Finance Ministers’ Meeting – AFMM) တွင် သတင်းရယူရန် မတ်လ ၂၅ ရက်နေ့ နောက်ဆုံးထား မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် www.asean2014.gov.mm ကို ဝင်ရောက် မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် နီးစပ်ရာ သံရုံးများမှ တဆင့် ဗီဇာလျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ဖုန်း ၀၆၇ – ၄၁၀၁၉၈၊ ၀၆၇ – ၄၁၂၁၂၆ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ ဝင်ထွက်ခွင့် ကတ်များကို ဧပြီ ၁ ရက်နေ့နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၌ ထုတ်ပေးမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။