သမ္မတက မြေပိုင် မရှိသူများ အတွက် မြေယာ ဖော်ထုတ်ပေးရန်နှင့် မြေယာ ဖော်ထုတ်ရာ၌ အမှန်တကယ် လိုအပ်သူများထက် နီးစပ်ရာလူများသာ ရရှိခဲ့သည့် အဖြစ်မျိုး မဖြစ်ပေါ်ရန် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများသို့ ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။ မြေယာ ဖော်ထုတ်ရေး စီမံချက်အရ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသည့် လုပ်ငန်းရှင်များ၊ ဌာနများမှ ပြန်လည် တောင်းခံရန်နှင့် မြေယာ စီမံခန့်ခွဲခြင်း အပိုင်းကို တိုင်းဒေသကြီးများက ဦးစားပေး လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်းလည်း ဒုဝန်ကြီးက ဧရာဝတီ၏ မေးမြန်းချက်ကို ဖြေကြားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။