သမ္မတ ဦးသိန်းစိန်သည် ဘူတန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင့်တော့ဂေး နှင့် ယမန်နေ့က တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် ဘာသာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလာရေး၊ နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း ဆက်သွယ်ရေး၊ အဆင့်မြင့်အရာရှိများ အပြန်အလှန်စေလွှတ်ရေး ကိစ္စများ ဆွေးနွေးကြောင်း သိရသည်။ ဘူတန်ဝန်ကြီးချုပ်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေးခဲ့သည်။ မြန်မာနှင့် ဘူတန်နိုင်ငံတို့သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် သံတမန် ဆက်ဆံမှု စတင်ခဲ့ပြီး၊ ယခု ခရီးစဉ်သည် ဘူတန် ဝန်ကြီးချုပ် အနေဖြင့် ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။