ရခိုင်အမျိုးသား ပါတီအား နိုင်ငံရေးပါတီ အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင် ခွင့်ပြုလိုက်ကြောင်း သိရှိရ သည်။ ထို့အပြင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (Rakhine Nationalities Development Party – RNDP) နှင့် ရခိုင် ဒီမိုကရေစီ ပါတီ တို့အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီများအဖြစ် မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။