မေလတွင် တာဝန်သက်တမ်း ကုန်ဆုံးတော့မည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စသော မတ်စ် အိုဟေးကင်တာနာ ၏ နေရာတွင် အစားထိုးခန့်အပ်ရန် တောင်ကိုရီးယား နိုင်ငံသူ ပါမောက္ခ မစ္စ ယန်းဂီးလီး ကို လျာထားကြောင်း သိရသည်။ ၎င်းသည် လက်ရှိတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေကြောင်း၊ မစ်ဇိုရီ-ကိုလမ်ဘီယာ တက္ကသိုလ်များတွင် ပညာသင်ယူခဲ့ပြီး ကလေးသူငယ်နှင့် မိသားစု ဆိုင်ရာ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် တောင်ကိုရီးယား နိုင်ငံ၏ Suk Ryu ဆု ချီးမြှင့်ခံခဲ့ရကြောင်း၊ ဂျနီဗာ တွင် မတ် ၇ ရက်နေ့ ပြုလုပ်မည့် ၂၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် ၎င်းအား ခန့်အပ်ခြင်း ကို အတည်ပြု မပြု ဆုံးဖြတ်မည် ဖြစ်ကြောင်း ဗီအိုအေ သတင်းတရပ်တွင် ဖော်ပြထားသည်။ ယင်း တာဝန်အတွက် လျှောက်ထား သူ ၁၈ ဦးရှိသည့်အနက်မှ လူ့အခွင့်အရေး ကောင်စီ ဥက္ကဋ္ဌက ၎င်းအား လျာထားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။