သတင်းတို

အခွင့်အလမ်းများ ဆုပ်ကိုင်နိုင်ရန်လို ဟု ဟီလာရီ ပြောကြား

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အချို့ကြောင့် အခွင့်အလမ်းများ ရရှိနေပြီ ဖြစ်သော်လည်း ပြည်သူများ အနေဖြင့် အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က ပြောသည်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ဆရာစံ ပလာဇာတွင် ယမန်နေ့က ပြုလုပ်သည့် စုဖောင်ဒေးရှင်း ဖွင့်ပွဲ အခမ်းအနားတွင် ဗီဒီယို ကလစ်ဖြင့် ပေးပို့ ပြောကြားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသားများ အတွက် ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးမည့် စုဖောင်ဒေးရှင်း ဖွင့်ပွဲသို့ ပြည်တွင်း ပြည်ပမှ မီဒီယာ သမားများ တက်ရောက်ခဲ့ကြောင်း၊ ဖောင်ဒေးရှင်း၏ တွဲဖက် ဥက္ကဋ္ဌများ အဖြစ် ဟီလာရီ ကလင်တန်နှင့် လော်ရာဘုရှ်တို့က ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Loading