သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယမန်နေ့က နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်၌ မိနစ် ၅၀ ကြာ တွေ့ဆုံကြောင်း သိရသည်။ ယင်းတွေ့ဆုံမှု အတွက် သမ္မတရုံးမှ အတည်ပြုသော် လည်း သီးခြား သတင်းထုတ်ပြန်မှု မရှိပေ။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ပထမဆုံး အကြိမ် တွေ့ဆုံပြီး ယခုတွေ့ဆုံမှုသည် ပဉ္စမအကြိမ်ဖြစ်ကြောင်း၊ NLD အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလက မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။