သတင်းတို
Eas-West Center ၏ နိုင်ငံတကာကွန်ဖရင့်သို့ ဟန်နာဘိချ် တက်ရောက်ခွင့် မပြု
This article has been converted from Zawgyi One to Unicode
ရန်ကုန်တွင် မတ် ၁၀ မှ ၁၂ ရက်နေ့အထိ ကျင်းပမည့် East-West Center ၏ နိုင်ငံတကာ ကွန်ဖရင့်သို့ တိုင်းမ်သတင်းထောက် ဟန်နာဘိချ် အား တက်ရောက်ခွင့် မပြုကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်၌ ဖော်ပြထားသည်။ ဆရာတော် ဦးဝီရသူအကြောင်း မျက်နှာဖုံး ဆောင်းပါး ရေးသားခဲ့သူ ဟန်နာဘိချ်က ကွန်ဖရင့်သို့ တက်ရောက်ခွင့်ရရန် ဗီဇာလျှောက်ထားလာကြောင်း၊ မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်ပေါ်စေနိုင် သဖြင့် လျှောက်ထားမှုကို ငြင်းပယ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။