မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားပြီး ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါ မီးလောင်မှုမှာ ယင်းကျေးရွာနေ ဆော်ဒီမူလာ အသက် ၄၂ နှစ် (ဖ) ဦးမိုက်တာက မိမိအိမ်ကို မီးပြန်ရှို့ခြင်းဖြစ် သည်ဟု မျက်မြင်သက်သေများက ပြောဆိုကြောင်း၊ မီးကူးစက်လောင် ကျွမ်းမှုကြောင့် သက်ငယ်မိုး၊ ဝါးထရံကာ လူနေအိမ် ၁၂ လုံးနှင့် သက်ငယ်မိုး၊ ဝါးထရံကာ ဘာသာရေး အဆောက်အဦး ၁ လုံး ဆုံးရှုံးပြီး စုစုပေါင်း တန်ဖိုး ကျပ် ၆ သိန်း ၄ သောင်းခန့် ရှိကြောင်း၊ လူနှင့် တိရစ္ဆာန် အသေအပျောက် မရှိကြောင်း သိရသည်။ ဆော်ဒီမူလာသည် ရဲတပ်ကြပ်အောင်ကျော်သိန်း ဖြစ်စဉ်၌ ပါဝင်သည်ဟု သံသယ ရှိသူ ဖြစ်ပြီး တရားခံပြေး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။