ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်ကို ၁၉၉၃ ခုနှစ်မှ စတင်ခဲ့ရာ စီမံကိန်းပေါင်း ၆၆၉ ခုကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။ ယင်း စီမံကိန်းများတွင် ပညာရေး ထောက်ပံ့ရေး စီမံကိန်း ၃ဝ၁ ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေး စီမံကိန်း ၁၇ဝ ခု၊ လူမှုဖူလုံရေး နှင့်ပတ်ဝန်းကျင်စီမံကိန်း ၁၃၃ ခု၊ အခြေခံ အဆောက်အအုံ စီမံကိန်း ၃ဝ၊ အခြားစီမံကိန်း ၃၅ ခုတို့တွင် ကူညီခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ ပြီးခဲ့သည့် မတ် ၅ ရက်နေ့ကလည်း မွန်ပြည်နယ်တွင် ဓမ္မသုခ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကရင် ပြည်နယ် ဘားအံမြို့နယ် ရွှေတော ကော့လုံးစိန် ကျေးရွာချင်းဆက် သံကူ ကွန်ကရစ်တံတား တစင်းတို့ကို ဆောက်လုပ်ပေးခဲ့ကြောင်း၊ ယင်းအတွက် အမေရိကန်ဒေါ်လာ ၂၂၀၄၃၉ ဒေါ်လာ ကုန်ကျကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။