ယခုနှစ်နွေရာသီ၌ အယ်လ်နီညို ပေါ်ပေါက်နိုင်သည့် အလားအလာများပြားကြောင်း ဂျပန် မိုးလေဝသ ဗျူရိုက ယမန်နေ့က ခန့်မှန်း ထုတ်ပြန်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း အပူချိန်မြင့်တက် လာသည့် ရာသီဥတု ဖြစ်စဉ်ကို အယ်လ်နီညို ရာသီဥတုပုံစံ ဟု ခေါ်ပြီး အယ်လ်နီညို ပေါ်ပေါက်လာပါက အရှေ့တောင်အာရှနှင့် သြစတြေးလျနိုင်ငံများ၌ မိုးခေါင်မှု ဖြစ်ပေါ်လာ နိုင်ကြောင်း၊ တောင် အမေရိက တိုက်၌ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ဆန်၊ ဂျုံနှင့် ကြံကဲ့သို့သော လူတို့အတွက် အခြေခံ စားနပ်ရိက္ခာ ထုတ် လုပ် မှုတွင် ထိခိုက်စေနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ ထို့အတူ အမေရိကန် မိုးလေဝသ ပညာရှင်များကလည်း မြောက် ကမ္ဘာခြမ်း၏ နွေရာသီကာလအတွင်း အယ်လ်နီညို ဖြစ်ပေါ်ဖွယ်ရှိသည်ဟု ဟောကိန်း ထုတ်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။