မြန်မာနှင့် လာအိုနိုင်ငံ ဗဟိုဘဏ်တို့ အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ယမန်နေ့က နေပြည်တော် တွင် နှစ်နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌများ လက်မှတ် ရေးထိုးကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ နားလည်မှု စာချွန်လွှာအရ ဘဏ်လုပ်ငန်းကြီးကြပ် စစ်ဆေးရေး၊ ကြပ်မတ်ကွပ်ကဲရေး၊ ငွေကြေးမူဝါဒ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။