အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဦးဆောင်သံဃာတပါး ဖြစ်သည့် ဦးဝီရသူသည် မတ် ၁၁ မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် လှည့်လည် တရားဟောမည် ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း လူထုတွေ့ဆုံပွဲများ စီစဉ်ထားကြောင်း၊ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမှ မြောက်ပိုင်း မြောက်ဦးအထိ မြို့နယ်များသို့ သွားရောက်မည် ဖြစ်ကြောင်း၊ ယမန်နေ့က ပေါက်တော ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီးကြောင်း ဆရာတော်က မိန့်ကြားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။