တမူးမြို့ ဈေးတန်း ၇ ရပ်ကွက်၌ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယမန်နေ့ည ၈ နာရီ အချိန်တွင် ဈေးတန်း ၇ ရပ်ကွက် အိမ်အမှတ် ဈ/၇-၂ ၌ ငှားရမ်း နေထိုင်သူ ဦးချမ်းမင်းထွန်း အခန်းမှ စတင်မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ယင်း မီးလောင်မှုကြောင့် နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဖိုး ၂၈၉၄၀၀၀/ိ- ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း၊ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၄၈ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ရကြောင်းနှင့် ည ၉ နာရီခွဲ အချိန်တွင် မီးငြိမ်းသတ်နိုင်ပြီး မီးလောင်မှုနှင့် ပတ်သက်၍ ဦးချမ်းမင်းထွန်းအား တမူးမြို့မ ရဲစခန်းက (ပ)၂၂/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။