၀က်နားရွက်ပြာ ရောဂါကာကွယ်ဆေး၏ အာနိသင်သည် အချိန်တိုတောင်းပြီး ရောဂါဗိုင်းရပ်စ် မျိုးကွဲများကို ကာကွယ်မှု မပေးနိုင်သဖြင့် အသုံးမပြုရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ မြန်မာနိုင်ငံသို့ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဝက်နားရွက်ပြာရောဂါ စတင်ကူးစက်ပြန့်ပွားခဲ့ကြောင်း၊ ရောဂါကို ထိန်းချုပ်နိုင်ခဲ့ သော်လည်း မွေးမြူသူအချို့ ဆုံးရှုံးခဲ့ရ ကြောင်း၊ ရောဂါကာကွယ်ရေး အတွက် မွေးမြူရေး ခြံကို မွေးမြူရေးသုံး ပိုးသတ်ဆေးဖြင့် ပိုးသတ်သန့်စင် ရန်၊ စားကြွင်း စားကျန်များ ကျွေးမွေးပါက ကျက်အောင် ချက်ပြုတ်ပြီးမှ ဝက်များကို ကျွေးမွေးရန်၊ အသုံးအဆောင်များကို စနစ်တကျ အသုံးပြုရန်နှင့် ရောဂါ ဖြစ်ပွားလျှင် သို့မဟုတ် ကူးစက်ရောဂါ ဖြစ်သည်ဟု သံသယရှိလျှင် နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် သို့ ချက်ချင်း အကြောင်းကြားရန် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။