• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံခြား သတင်းထောက် နှစ်ဦး ဗီဇာ ငြင်းပယ်ခံရ

by လင်းသန့်
12 March 2014
in သတင်း
A A
တိုင်းမ်, အယ်လ်ဂျာဇီးရာ, ပြည်ဝင်ခွင့် ဗီဇာ, ဦးရဲထွဋ်, ပြန်ကြားရေး ဒု ဝန်ကြီး, ဒုချီးရားတန်း, ဟန်နာဘိချ်, ဗရွန်နီကာ

၂၀၁၃ ခုနှစ် စက်တင်ဘာလကုန် ပိုင်းက ရန်ကုန်မြို့၌ ပထမဆုံး အကြိမ် ပုံနှိပ် ထုတ်ဝေသည့် နိုင်ငံတကာ နာမည်ကြီး သတင်းစာ တစောင် ဖြစ်သော International Herald Tribune သတင်းစာကို တွေ့ရစဉ် (ဓာတ်ပုံ - စိုးဇေယျထွန်း / Reuters)

2.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင် East- West Center မှ ဦးစီးပြီး မတ်လ ၁၀ နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပနေသော ၂၀၁၄ ခုနှစ် နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံသို့ တက်ရောက်ရန် တိုင်းမ် မဂ္ဂဇင်း သတင်းထောက် မစ္စ ဟန်နာဘိချ် နှင့် အယ်လ်ဂျာဇီးရာ သတင်း ထောက် မစ္စ ဗရွန်နီကာ ပက်ဒရိုဆာ တို့ကို မြန်မာ အစိုးရက ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့သည်။

သတင်း လွတ်လပ်ခွင့်ဆိုင်ရာ စိန်ခေါ်မှုများ ဆိုသည့် ခေါင်းစဉ်နှင့် နိုင်ငံတကာ သတင်းထောက်များ တက်ရောက်သည့် ရန်ကုန်မြို့က ညီလာခံသို့ မစ္စ ဟန်နာဘိချ်နှင့် မစ္စ ဗရွန်နီကာ တို့ကို ဖိတ်ကြားခဲ့၍ ၎င်းတို့က မြန်မာအစိုးရထံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားခဲ့ကြရာတွင် ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံရခြင်း ဖြစ်သည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
234
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
280
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
467

တိုင်းမ် မဂ္ဂဇင်း သတင်းထောက် ဟန်နာဘိချ်က ၎င်းအား ဗီဇာ ငြင်းပယ်မှုနှင့်ပတ်သက်၍ မြန်မာတာဝန်ရှိများက လုံခြုံရေးအတွက် ဖြစ်သည်ဟု အကြောင်းပြချက်ပေးကြောင်း ဧရာဝတီ ကို ပြောသည်။

ဗီဇာ ငြင်းပယ်ခဲ့ရခြင်းမှာ ဟန်နာဘိချ် နှင့် နိုင်ငံတကာ မီဒီယာ ညီလာခံအတွက် မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်လာနိုင်၍ ဖြစ်ကြောင်း သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။

“ပြန်ကြားရေး ဝန်ကြီးဌာန အမှုဆောင်အစည်းအဝေးမှာ အခုလို နိုင်ငံတကာ ကွန်ဖရင့်ကို ဟန်နာဘိချ် လာရောက်မယ် ဆိုရင် သူ့အတွက်ရော၊ ကွန်ဖရင့်အတွက်ပါ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တယ်လို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ ပါတယ်”ဟု သူ က ဆိုသည်။

ဆက်လက်၍ ဦးရဲထွဋ်က “ဒါ့ကြောင့် သူ့ကို အခု မလာဖို့၊နောက် သင့်တော်တဲ့အချိန်မှာ မြန်မာနိုင်ငံကို လာရောက် သတင်း ယူဖို့၊ အဲဒီအခါကျရင် ကျနော့်ကို တွေ့ဆုံမေးမြန်းချင်တယ် ဆိုရင်လည်း လက်ခံဖြေကြားပေးပါ့မယ်လို့ အကြောင်းကြားခဲ့ပါတယ်”ဟု ပြောဆိုသည်။

ယခု ဗီဇာ ကိစ္စသည် ရခိုင်ပြည်နယ် ဒုချီးရားတန်း အကြမ်းဖက်မှုနှင့် မသက်ဆိုင်ကြောင်း၊ ယနေ့ ဒစ်ဂျစ်တယ်လ် ခေတ်တွင် မီဒီယာများကို ထိန်းချုပ်၍ မရနိုင်သည်ကို သိရှိကြောင်းလည်း ဦးရဲထွဋ်က Reuters သတင်းဌာနသို့ ပြောဆိုထားသည်။

မစ္စ ဟန်နာဘိချ်သည် ယမန်နှစ်က မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်ဒေသတချို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အခြေခံသည့် အကြမ်းဖက်မှုများဖြစ်ပွားချိန်က မန္တလေး မစိုးရိမ်တိုက်မှ ဆရာတော် ဦးဝီရသူနှင့် အင်တာဗျူးပြီး The Face of Buddhist Terror ဆိုသည့် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံး သတင်းဆောင်းပါး ရေးသားခဲ့သူ ဖြစ်သည်။

အလားတူ အယ်လ်ဂျာဇီးရာ သတင်းထောက် မစ္စ ဗရွန်နီကာ ကိုလည်း ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့ပြီး မည်သည့် အကြောင်းပြ ချက်ဖြင့် ငြင်းပယ်သည်ကိုမူ မသိရှိရသေးပေ။

မစ္စ ဗရွန်နီကာသည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ သွားရောက်၍ သတင်းများပေးပို့ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သတင်းများကိုလည်း ပေးပို့ခဲ့သည်။

ထို့ကြောင့် မြန်မာစစ်အစိုးရက ၂၀၀၉ ခုနှစ်ကတည်းက ၎င်းအား ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ နာမည်ကြီး တိုင်းမ်မဂ္ဂဇင်းနှင့် အယ်လ်ဂျာဇီးရား သတင်းဌာနတို့၏ သတင်းထောက် ၂ ဦးအပြင် ယခင် ပြည်ပအခြေ စိုက်ရာက ပြည်တွင်း၌ ရုံးခန်းဖွင့်ကာ တရားဝင် မှတ်ပုံတင်ထားသည့် ဧရာဝတီအပါအဝင် နိုင်ငံခြား သတင်းဋ္ဌာနများ၏သတင်း   ထောက်များအပေါ် ဗီဇာ ထိန်းချုပ် ကန့်သတ်မှုများ ရှိလာနေသကဲ့သို့ ပြည်တွင်း သတင်းမီဒီယာအပေါ်လည်း နည်းအမျိုးမျိုးဖြင့် ကန့်သတ် ထိန်းချုပ်မှုများလည်း ရှိလာနေသည်။

မြန်မာနိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ ထိန်းချုပ်ကန့်သတ်၊ ငြင်းပယ်ခြင်းနှင့် သတင်းမီဒီယာအပေါ် ထိန်းချုပ်ရန် ကြိုးစားလာမှုများသည် ပြုပြင်ပြောင်းလဲရေးများနှင့် ဒီမိုကရေစီ နိုင်ငံသို့ အသွင်ကူးပြောင်းနေသော လုပ်ငန်းစဉ်များအတွက် အဓိကအရေးပါသည့် သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် ကန့်သတ်မှုတခုဖြစ်ကြောင်းလည်း လေ့လာ သုံးသပ်သူများက ဝေဖန်ထောက်ပြနေကြသည်။

နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ (HRW) မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း သုတေသီ David Mathieson က “ မြန်မာနဲ့ နိုင်ငံတကာ သတင်းထောက်တွေရဲ့ စာနယ်ဇင်း ဗီဇာကို ထိန်းချုပ် ကန့်သတ် လိုက်ခြင်းကြောင့် အားလုံးက အကောင်း မြင်မျှော်လင့်ထားတဲ့ မီဒီယာ ပြုပြင်ပြောင်းလဲရေးမှာ ကောင်းလာ မလို လိုကနေ ပိုဆိုးပြီး မူလအနေအထား ပြန်ရောက်သွားသလို ထိခိုက်စေပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

စာနယ်ဇင်းသမားများ ကာကွယ်ရေးကော်မတီ(CPJ) ၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က လည်း ဗီဇာ ကန့်သတ်ချက် အသစ်များထုတ်ပြန်ခြင်းသည်  မြန်မာနိုင်ငံသို့ နိုင်ငံခြားသတင်းဌာနများ ဝင်ရောက်လာ ခြင်းကို မနှစ်ခြိုက်ကြောင်းနှင့် သတင်းများ၏ ဝေဖန်ထောက်ပြမှုကို တဖက်သတ်ဆုံးဖြတ်ချက်ဖြင့် အရေးယူမည်ဖြစ် ကြောင်း ပြသလိုက်ခြင်း ဖြစ် သည်ဟု ပြောသည်။

“အာဏာပိုင်တွေက ခေတ်နောက်ပြန်ဆွဲပြီး အရင် စစ်အစိုးရ လုပ်ခဲ့သလို အစိုးရကို အကောင်းရေးတဲ့ သတင်းဌာနတွေကို အခွင့်အရေးပေးပြီး သူတို့ကို ဝေဖန်တဲ့သူတွေကို အရေးယူတဲ့ သွေးခွဲအုပ်ချုပ်တဲ့ နည်းဗျူဟာတွေကို အသုံးပြုနေပုံရ ပါတယ်” ဟု Shawn Crispin က ပြောသည်။

ဆက်လက်ပြီး သူက “အထူးသဖြင့် မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ရုံးဖွင့်ပြီး နိုင်ငံခြားက လုပ်ငန်းတွေကို လျှော့ချခဲ့ ကြတဲ့ အရင်က နိုင်ငံ ပြင်ပရောက် သတင်းဌာနတွေဟာ ပစ်မှတ်ဖြစ်လာတဲ့အတွက် ကျနော်တို့ တကယ်ကို စိတ်ပူမိ ပါတယ်”ဟု လည်း ပြောဆိုသည်။

အမေရိကန် နိုင်ငံ ဟာဝိုင်ယီ ပြည်နယ် ဟိုနိုလူလူမြို့ အခြေစိုက် East West Center သည် အမေရိကန်နှင့် အာရှပစိဖိတ် ဒေသအကြား စုပေါင်းသင်ယူခြင်း၊ လေ့လာ သုတေသန ပြုခြင်း၊ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်း စသည့် အစီအစဉ်များ လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြု Jefferson Fellowships သတင်းစာပညာ ဖလှယ်ရေး အစီအစဉ်ကိုလည်း ဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်ပြီး East West Center ၏ မီဒီယာ အစီအစဉ်တွင် ဂျာနယ်လစ် ၂၂၀၀ ကျော် ပူးပေါင်း ပါဝင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်း အဖွဲ့ကို အမေရိကန် ကွန်ဂရက် က ၁၉၆၀ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇွန်လကုန်ပိုင်းက မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာရောက်ဖူးသည်။

Your Thoughts …
Tags: MediaPress Freedom
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.2k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
124

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ ကွယ်လွန်

by စနေလင်း
15 August 2013
5.5k

ကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံ လိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြ ရကြောင်း၊ စစ်ကြောရေး တွင်လည်း မိမိတို့က သူမရေးကြောင်း...

Next Post
ပြည်တွင်း အခွန်များ ဦးစီးဌာန, အခွန်မဆောင်သည့် ကုမ္ပဏီ စာရင်း, ကုမ္ပဏီ ၁၀၆၇၀, ကုမ္ပဏီ ၁၃၀၅, AGD, ရိုးမ ဘဏ်

အခွန်မဆောင်သည့် ကုမ္မဏီများ စာရင်း ပြန်လည်စိစစ်ဟုဆို

ထိုင်းဘုရင်ဟောင်း အုတ်ဂူ တူးဖော်ရေး မန္တလေး စည်ပင် တားမြစ်

ထိုင်းဘုရင်ဟောင်း အုတ်ဂူ တူးဖော်ရေး မန္တလေး စည်ပင် တားမြစ်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4.1k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

1 day ago
4k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate