သတင်းတို
စာပေဗိမာန် စာမူဆု ချီးမြှင့်ငွေ တိုးမည်
This article has been converted from Zawgyi One to Unicode
မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေပညာရှင်ကြီးများအတွက် စာပေဗိမာန်စာမူဆု ချီးမြင့်ငွေများကို တိုး၍ချီးမြှင့်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေး၏ ပြောကြားချက် အရ သိရသည်။ စာပေဆု ချီးမြှင့် ငွေများကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မူလနှုန်းထားအတိုင်း ချီးမြှင့်မည် ဖြစ်ပြီး နောင်လာမည့် နှစ်များတွင် တသက်တာ စာပေ ဆု ချီးမြှင့်ငွေကို လေးဆ (သို့) ငါးဆ၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများကို နှစ်ဆ (သို့) သုံးဆ စသည့်ဖြင့် တိုး၍ ချီးမြှင့်နိုင်ရေး တင်ပြသွားမည် ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။