သတင်းတို

အာဆီယံ-ဂျပန် အစည်းအဝေး ကျင်းပမည်

This article has been converted from Zawgyi One to Unicode

အာဆီယံ-ဂျပန် ၁၁ ကြိမ်မြောက် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ အစည်းအဝေးကို မတ် ၁၇ မှ ၂၁ ရက် နေ့ အထိ နေပြည်တော်ရှိ ရွိုင်ရယ်လ် ကုမုဒြာ ဟိုတယ်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးနှင့် အတူ ဝန်ဆောင်မှု၊ ဆက်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန် စနစ် နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စသည့် ဆက်စပ် ကော်မတီ များ အစည်းအဝေး ၆ ခု ကိုလည်း ကျင်းပမည် ဖြစ်ပြီး ယင်း အစည်းအဝေးများသို့ သက်ဆိုင်ရာ ဝန်ကြီး ဌာန ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ ဂျပန်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး တို့မှ ကိုယ်စားလှယ် ပေါင်း ၁၃၀ ခန့် တက်ရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Loading