သတင်းတို
တနှစ် သိန်း ၂၀ ကျော် ဝင်ငွေရှိသူတိုင်း အခွန်ဆောင်ရမည်
This article has been converted from Zawgyi One to Unicode
တနှစ်လျှင် ကျပ် သိန်း ၂၀ ကျော် ဝင်ငွေရှိသူတိုင်း အခွန်ထမ်းဆောင်ရန် ဝင်ငွေခွန် ဥပဒေသစ်တရပ်ကို ပြည်ထောင်စု လွှတ်တော် က အတည်ပြုလိုက်သည်။ ယင်း ဥပဒေအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင် ကောက်ခံမည် ဖြစ်ကြောင်း၊ လစာ ၁ သိန်း ၆ သောင်းနှင့် အထက် ရရှိသည့် အစိုးရ ဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများ ပါဝင်ကြောင်း၊ တနှစ် ဝင်ငွေ သိန်း ၂၀ မှ သိန်း ၅၀ ကြား ရှိသူများ အနေဖြင့် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ပြီး သိန်း ၅၀ အထက် ရရှိသူများသည် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝင်ငွေခွန် ဥပဒေသစ်ကို လွှတ်တော်က မတ် ၁၁ ရက်နေ့က အတည်ပြုခြင်း ဖြစ်ပြီး ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလ အမီ သမ္မတ က လက်မှတ်ရေးထိုး ပြဋ္ဌာန်းမည် ဖြစ်သည်ဟု ဆိုသည်။