ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့၌ မြန်မာစစ်တပ် ပါဝင်ရေး HRW ဝေဖန်
This article has been converted from Zawgyi One to Unicode
မြန်မာစစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့များတွင် ပါဝင်ရန် မစ္စတာ ဗီဂျေ နမ်ဘီယာ၏ အဆိုပြုချက်ကို နယူးယောက် အခြေ စိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) က ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်သည်။ မြန်မာ စစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုးဆိုး ဝါးဝါး ရှိခဲ့ကြောင်း၊ ကလေးစစ်သား အသုံးပြုမှုလည်း ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် သုံးနှစ်ခန့် အတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း စစ်တပ် ပြောင်းလဲမှု မတွေ့ရကြောင်း AP သတင်းတရပ် တွင် ဖော်ပြထားသည်။ ထို့အပြင် ကလေးစစ်သား အဖြစ် ဟန်ဆောင်ခိုင်းကာ အိမ် ပြန်ပို့ ပေးသည်ဟု အခမ်းအနားပြုလုပ် လှည့်ဖျားခြင်းများကို ILO နှင့် အခြား အဖွဲ့အစည်းများက တွေ့ရှိထားကြောင်း HRW ၏ ပြောရေးဆိုခွင့် ရှိသူ Brad Adams ၏ ပြောကြားချက်ကိုလည်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။