သတင်းတို

ကချင် တိုက်ပွဲများအတွင်း ထိခိုက်ဆုံးရှုံးမှုများကို သင်္ခန်းစာယူရန် ဦးသိန်းစိန် တိုက်တွန်း

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် တိုက်ပွဲများအတွင်း နှစ်ဘက် ဆုံးရှုံးမှုများကို သင်္ခန်းစာ ယူရန် တိုက်တွန်းလိုက်သည်။ မတ် လ ၁၆ ရက်က သွားရောက်သည့် ကချင်ပြည်နယ် ခရီးစဉ်တွင် မြစ်ကြီးနားမြို့ မြိုတော် ခန်းမ၌ ဒေသခံ မြို့မိမြို့ဘများနှင့် တွေ့ဆုံ သည့် အခမ်းအနားတွင် ဦးသိန်းစိန်က ပြောကြားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည့် အတွက် တပ်မတော်၊ KIO/KIA နှင့် ပြည်သူများ အားလုံး ထိခိုက် ဆုံးရှုံးခဲ့ရကြောင်း၊ မည်သည့်ဘက်မှ ဆုံးရှုံးသည် ဖြစ်စေ တိုင်းပြည်အတွက် ဆုံးရှုံးခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် သင်္ခန်းစာယူပြီး နှစ်ဦး နှစ်ဘက် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်မည် ဆိုသည့် နည်းလမ်းကို အဓိကထားရှာဖွေရန် တိုက်တွန်းလိုကြောင်းလည်း ဦးသိန်းစိန် က ပြောကြားသည်။ ထို့အပြင် ပြည်သူအားလုံး လိုလားနေသည့် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည်ဟုလည်း ကတိပေးသွားသည်။ ဦးသိန်းစိန် ၏ ကချင်ပြည်နယ် ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ပါဝင်ကြောင်း အစိုးရ က သတင်းထုတ်ပြန်ထားသည်။

Loading