သတင်းတို

ရခိုင် ရိုးရာ ရေကစားပွဲတော် ရန်ကုန် သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

ယခုနှစ် အတွက် ရခိုင် ရိုးရာ သင်္ကြန် ရေကစား ပွဲတော်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏ အားကစားကွင်း ပတ်လမ်း၌ စည်းကား သိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။ ၁၁ ကြိမ်မြောက်ဖြစ်သည့် ယင်း ရေကစားပွဲတော်ကို ဧပြီ ၁၃၊ ၁၄၊ ၁၅ ၊ ၁၆ ရက်များတွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး၍ ရန်ကုန် ရောက် ရခိုင် စာပေ နှင့်ယဉ်ကျေးမှု အဖွဲ့၊ ရခိုင် လူမှုရေး အသင်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ဧပြီ ၁၁ ရက်၌ ရွှေတိဂုံ စေတီရှိ ရခိုင် ဓမ္မာရုံတွင် နံ့သာသွေး ပြိုင်ပွဲ ကျင်းပပြီး ဧပြီ ၁၂ ရက်တွင် ဘုရား ရေသပ္ပာယ်ခြင်းများကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

Loading