ပျောက်ဆုံးနေသည့် မလေးရှား လေယာဉ်ကို မြန်မာ့ တပ်မတော်(ရေ) က စစ်ရေယာဉ် သုံးစင်းဖြင့် ကူညီ ရှာဖွေရေး ပြုလုပ်နေသည်။ ကပ္ပလီ ပင်လယ်ပြင် မြန်မာ ရေပိုင်နက်အတွင်း မတ်လ ၁၅ ရက်က စတင်ရှာဖွေနေခြင်း ဖြစ်ကြောင်း သိရသည်။ မလေးရှား ခရီးသည်တင် လေယာဉ် MH 370 သည် မတ်လ ၈ ရက်နေ့က မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်း လေ ဆိပ်သို့ ပျံသန်းရာ လမ်းတွင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ မလေးရှား အာဏာပိုင်များက မြန်မာအာဏာပိုင်များထံသို့ မတ်လ ၁၁ ရက်က ပျောက်ဆုံးလေယာဉ် ရှာဖွေရန် ခွင့်တောင်းထားသည်။ လေယာဉ်ပေါ်၌ ခရီးသည်နှင့် လေယာဉ် ဝန်ထမ်း လူ စုစုပေါင်း ၂၃၉ ဦး လိုက်ပါ သွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။