သတင်းတို

ရွှေစက်တော် ဘုရားဖူး ကားတစီး တိမ်းမှောက်၊ ၅ ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ

This article has been converted from Zawgyi One to Unicode

မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော် ဘုရားဖူးပြန် ကားတစီး တိမ်းမှောက်၍ လူ ၅ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွား ကြောင်း သိရသည်။ မတ်လ ၁၄ ရက်က မင်းဘူး-ပဒါန်းသွား ကားလမ်း၌ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း၊ ကားပေါ်တွင် ဘုရားဖူး ခရီး သည် ၃၅ ဦး ပါဝင်ကြောင်း၊ ယင်းကားသည် ဘရိတ်ပေါက်၍ အရှိန်လွန်ပြီး တိမ်းမှောက်ခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရသူများကို မင်းဘူး ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပြုလုပ်ပေးကြောင်း၊ ဒဏ်ရာရသူများတွင် ၄ ဦးမှာ အသက် အန္တရာယ် စိုးရိမ် ရသော ကြောင့် အရေးပေါ်လူနာအနေဖြင့် နေပြည်တော်သို့ ပို့ဆောင်ထားကြောင်း၊ ကားဒရိုင်ဘာကို အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ပါရှိသည်။

Loading