သတင်းတို
အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း လွှတ်တော်၌ တင်သွင်း
This article has been converted from Zawgyi One to Unicode
အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်း လိုက် သည်။ ယင်း ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က တင်သွင်းခြင်း ဖြစ်သည်။ ယူနက်စကို ၏ ကျွမ်းကျင်မှု အကူအညီကိုယူ၍ ရေးသား တင်သွင်းခြင်း ဖြစ်ကြောင်း၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဆိုသည် မှာ အများပြည်သူ အကျိုးစီးပွားအတွက် အများပြည်သူက ဘဏ္ဍာငွေ အထောက်အပံ့ ပေးပြီး ထိန်းကျောင်း ဆောင်ရွက်သော မီဒီယာဟု ယူနက်စကိုက အဓိပ္ပာယ် ဖွင့်ဆိုထားကြောင်း၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ အပေါ် စီးပွားရေးအရ လည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း ဝင်ရောက်စွက်ဖက်ခြင်းမှ ကင်းလွတ်စေရမည်ဖြစ်ကြောင်း ဦးအောင်ကြည်က လွှတ်တော်၌ တင်သွင်း ပြောဆိုသွားသည်။