သမ္မတ ဦးသိန်းစိန် အကြိမ် ၄၀ မြောက် မွန်ပြည်နယ်နေ့ သဝဏ်လွှာ ပေးပို့
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်က မတ်လ ၁၉ ရက်တွင် ကျရောက်သော အကြိမ် ၄၀ မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် သဝဏ် လွှာ ပေးပို့သည်။ သဝဏ်လွှာ၌ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း ရင်းနှီး ပွင့်လင်းစွာဖြင့် ဆောင်ရွက်ခဲ့သော စားပွဲဝိုင်း ဆွေးနွေးမှုများ၏ အကျိုးရလဒ်ကြောင့် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်မှု ရရှိကာ တည်ငြိမ် အေးချမ်းမှု ရှိနေသည့် ဤဒေသအတွက် ဝမ်းမြောက်မိပြီး ထာဝရ ငြိမ်းချမ်းရေး ရသည်အထိ ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောဆို ထားသည်။ မွန်ပြည်နယ်နေ့ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(မူကြမ်း)တွင် မွန်ပြည်နယ် ဟု စတင် အသိအမှတ်ပြု ရေးဆွဲ ခဲ့သော ၁၉၇၃ ခု မတ်လ ၁၉ ရက်ကို မွန်ပြည်နယ်နေ့ အဖြစ်သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများ နှစ်စဉ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မွန် တိုင်းရင်းသားများကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်က ၆၇ ကြိမ်မြောက် မွန် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းးအနား ကျင်းပသည်။ စစ်အစိုးရ လက်ထက်တွင် မွန်အမျိုးသားနေ့ ကျင်းပခွင့် မရခဲ့ပေ။