နိုင်ငံ၏ အရ၊ အသုံးဆိုင်ရာ ဘတ်ဂျက်များကို နိုင်ငံတကာ စံနှုန်းမီ ဖြစ်လာစေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် က ပြောသည်။ ယမန်နေ့က ကျင်းပသည့် အစိုးရ ဘဏ္ဍာရေး ကော်မရှင်၏ အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ် သည်။ ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု စနစ် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနတို့ ပူးပေါင်း၍ ဘဏ္ဍာရေး ဆိုင်ရာ မဟာဗျူဟာ(Public Financial Management (PFM) Reform Strategy)ရေးဆွဲထားကြောင်း၊ ယင်းမဟာဗျူဟာဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ကော်မရှင် ဥက္ကဌ ဖြစ်သူ သမ္မတ ဦးသိန်းစိန် က ပြောဆိုသွားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။