လစ်လပ် မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြည်သူ့ လွှတ်တော်တွင် ယနေ့ပြောဆိုသွားကြောင်း သိရသည်။ လှည်းကူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၏ မေးမြန်းချက်ကို ဖြေကြားသွားခြင်း ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ရခြင်း သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပါဝင်ရမည့် ကိုယ်စားလှယ် အရေအတွက်မပြည့်၍ ဖြစ်ကြောင်း လွှတ်တော် အသိုင်း အဝိုင်းက ပြောသည်။ လစ်လပ် မဲဆန္ဒနယ် ၃၀ ရှိကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။