ဟိုတယ် လုပ်ငန်းများ၊ ဟိုတယ် ဝန်ဆောင်မှုနှင့် ဆက်စပ်လုပ်ငန်းများ၊ စားသောက်ဆိုင်သုံး ကုန်ပစ္စည်းများ အစရှိသည့် (Mini Expo of Hotel, Restaurant Catering, Equipment and Accessories) တို့အတွက် “Yangon HoReCa Bitmatch Fair” အမည်ရှိ စီးပွားရေး ဆွေးနွေးပွဲ တရပ်ကို ယခုလ ၂၂ ရက်နေ့တွင် နံနက် ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် ထိုင်းကုမ္ပဏီပေါင်း ၂၁ ခုမှ ဟိုတယ်၊ စားသောက်ဆိုင်သုံး ပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ အစ ရှိသည်တို့ကို ထိုင်း စီးပွားရေး ကိုယ်စားလှယ် ၆၄ ဦးက မြန်မာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊ အမျိုးသား စီမံခန့်ခွဲမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြား ဘဏ်ခွဲ တခု၏ ဌာနေ ကိုယ်စားလှယ်တို့မှ တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။