ပျောက်ဆုံးနေသည့် မလေးရှား လေယာဉ် MH 370 ကဟုယူဆရသည့် အပိုင်းအစတချို့ ပြင်သစ်ရှာဖွေရေး ဂြိုဟ်တု က အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် တွေ့ရှိထားကြောင်း၊ အဆိုပါ လေယာဉ်သည် သြစတြေးလျ ကမ်းခြေအလွန်သို့ ထိုးကျသွားဖွယ် ရှိကြောင်း Reuters သတင်းတရပ်တွင် ဖော်ပြထားသည်။ ပြင်သစ် အာဏာပိုင်အဖွဲ့က ပေးပို့သည့် ပျောက်ဆုံးလေယာဉ် ဆိုင်ရာ ရှာဖွေရေး ဓာတ်ပုံများကို မလေးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက လက်ခံရရှိခဲ့ကြောင်း၊ မလေးရှားနိုင်ငံ အနေဖြင့် သြစတြေးလျနိုင်ငံနှင့် ပူးပေါင်း ရှာဖွေရေး အလျင်အမြန် ဆောင်ရွက်မည် ဖြစ်ကြောင်း မလေးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောကြားသည်ဟု ဖော်ပြ ထားသည်။ အဆိုပါ လေယာဉ်သည် မတ်လ ၈ ရက်နေ့က မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်း လေဆိပ်သို့ ပျံသန်းရာ လမ်းတွင် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး၊ လေယာဉ်ပေါ်၌ ခရီးသည်နှင့် လေယာဉ် ဝန်ထမ်း လူ စုစုပေါင်း ၂၃၉ ဦး လိုက်ပါ သွားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။