မြန်မာနိုင်ငံ အပါအဝင် အာဆီယံ လူငယ်များ အတွက် ကောင်းမွန်သော ပညာရေး စနစ် ပြောင်းလဲရန် အာဆီယံ လူငယ်များ တွေ့ဆုံပွဲက တောင်းဆိုလိုက်သည်။ ရန်ကုန်မြို့တွင် မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိကျင်းပသော အာဆီယံလူငယ် တွေ့ဆုံပွဲက ကြေ ညာချက် ထုတ်ပြန်၍တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ယင်းကြေညာချက်၌ လူငယ်ထု အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး၊ ကောင်းမွန်သော အစိုးရ၊ ဒီမိုကရေစီ နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ကျန်းမာရေး၊ ပညာရေးနှင့် အခွင့်အလမ်း ဆိုင်ရာများ ပါဝင်ကြောင်း သိ ရ သည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။