သတင်းတို
ကမ္ဘာ့ရပ်မိရပ်ဖများ အဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် ဆွေးနွေး
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် ကမ္ဘာ့ရပ်မိရပ်ဖများ (The Elders)အဖွဲ့မှ ဒု ဥက္ကဋ္ဌ နော်ဝေနိုင်ငံ ဝန်ကြီး ချုပ်ဟောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ်ဟောင်း Dr. Gro Harlem တို့ကို ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆောင်ရွက် နေမှုများနှင့်ပတ်သက်ပြီး The Elders အဖွဲ့၏ အတွေ့အကြုံများကို မျှဝေပေးရေး၊ သဘာဝ အရင်းအမြစ်များအား စနစ်တကျထုတ်ယူ သုံးစွဲရေး၊ ကျန်းမာရေး၊ ပညာရည်မြင့်မား ရေး အတွက် ဆောင်ရွက်နေမှုများ၊ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း သိရသည်။