သတင်းတို
အင်းတော်တွင် နွားများ ခြေပုပ်လက်ပုပ် ရောဂါ ဖြစ်ပွား
This article has been converted from Zawgyi One to Unicode
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ သူရောင်းကျေးရွာအုပ်စု ခိုးကောင်ကျေးရွာတွင် နွားများ ခြေပုပ်လက်ပုပ် ရောဂါ ဖြစ်ပွားနေကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ မတ် ၂၂ ရက်က ဒေသခံတောင်သူများ၏ နွားများ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ နွားများသေဆုံးနေမှုကို အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူများက စစ်ဆေး ခွဲစိတ်ကြည့်ရှုခဲ့ရာ ခြေပုပ်လက်ပုပ် ရောဂါဖြစ်ကြောင်း ယူဆပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ခိုးကောင် ကျေးရွာမှ ဒေသခံတောင်သူများ၏ နွား ၃၃၁ ကောင်၊ သူရောင်းကျေးရွာမှ ၂၈၂ ကောင်အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။