မြန်မာအစိုးရ၏ သတိပေးထောက်လွှာ (Aide-Memoire) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ယမန်နေ့က ပေးပို့ခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မတ်လ ၂၀ ရက်နေ့က ထုတ်ဝေသည့် Dhaka Tribune နေ့စဉ် သတင်းစာတွင် ဆောင်းပါးရှင် Zeeshan Khan ရေးသားသည့် ရခိုင်ပြည်နယ်၌ ဆန္ဒခံယူပွဲ လုပ်သင့်ပြီ လား (A referendum in Rakhine State?) ဟူသည့် ဆောင်းပါးနှင့် ပတ်သက်ပြီး သတိထောက်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း၊ ယင်းဆောင်းပါးတွင် ယူကရိန်း လက်အောက်ရှိ ခရိုင်းမီးယား ဒေသကို လူထုဆန္ဒခံယူပွဲ ပြုလုပ်ကာ ရုရှားနိုင်ငံအောက် ပူးပေါင်း လိုက်သကဲ့သို့ ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်ကို မြန်မာနိုင်ငံမှခွဲထွက်၍ ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းသင့်သည်ဟု ရေး သား ဖော်ပြထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။