ထိုင်း-မြန်မာ နယ်စပ်အနီး တာ့ခရိုင် မယ်လ ဒုက္ခသည် စခန်းတွင် တနင်္လာနေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြထားသည်။ မီးလောင်ကျွမ်းမှုကြောင့် တဲအိမ် ၁၈ လုံး ဆုံးရှုံးသွားပြီး အခြား ၁၈ လုံးမှာ မီးမကူးစက်စေရန် ဖျက်ဆီးခဲ့ရကြောင်း၊ လူသေဆုံးမှု မရှိကြောင်း၊ မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ခရိုင်အကြီးအကဲက ပြောဆိုသည်။ မီးဘေးဒုက္ခသည်များ အတွက် အစားအစာ၊ ရေနှင့် အခြား ပစ္စည်းများ ထောက်ပံ့ ပေးထားကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။