သတင်းတို
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေး
This article has been converted from Zawgyi One to Unicode
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘာ့ရပ်မိရပ်ဖများ (The Elders) အဖွဲ့မှ Dr. Gro Harlem Brundtland နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များ၌ ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များ၏ တာဝန်များ နှင့် ပတ်သက်၍ ဆွေးနွေးကြောင်း သိရသည်။