သတင်းတို

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော် ဆက်လက်ပါဝင်နေမည် ဟု သမ္မတ ဦးသိန်းစိန်ပြော

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်သည် ဦးဆောင်မှုအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လွှတ်တော်၌ ပြောကြားသည်။ အစိုးရသစ် တာဝန်ယူသည့် ၃ နှစ်ပြည့် ယနေ့တွင် သမ္မတက လွှတ်တော်သို့ ပြောကြားသော မိန့်ခွန်း၌ ယင်းသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်ပြီး လွှတ်တော်၌ မိန့်ခွန်း ပြောကြားခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်သည်။

Loading