သတင်းတို

မျိုးစောင့် ဥပဒေ အဆိုပြုချက်ကို HRW ဝေဖန်

This article has been converted from Zawgyi One to Unicode

လွှတ်တော်တွင် တင်ပြ ဆွေးနွေးမှု မပြီးပြတ်သေးသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်သည့် မျိုးစောင့်ဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (HRW) က ဝေဖန်လိုက်သည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသည် ဘာသာတူ အချင်းချင်းသာ လက်ထပ်ခွင့် ရှိကြောင်း၊ ဘာသာခြား ဖြစ်ပါက ဗုဒ္ဓဘာသာကို အရင်ကူးပြောင်းပြီးမှ လက် ထပ်ခွင့် ရှိကြောင်းနှင့် ယင်း ပြဋ္ဌာန်းချက်ကို ချိုးဖောက်ပါက ထောင်ဒဏ် ၁၀ နှစ် နှင့် ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို သိမ်းယူခံရမည် ဖြစ်ကြောင်း ဥပဒေတွင် ပါရှိသည်ဟု သိရသည်။ ထိုအချက်များသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပင် ဖြစ်ကြောင်း မတ် လ ၂၄ ရက်နေ့က ထုတ်ပြန်သည့် HRW ကြေညာချက်တွင် ဖော်ပြထားသည်။ မျိုးစောင့် ဥပဒေတွင် ကဏ္ဍ ၂ ရပ်ပါဝင်ပြီး ကိုးကွယ် ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာနှင့် လူဦးရေ ကန့်သတ်ထိန်းညှိရေး တို့ဖြစ်ကြောင်း၊ အပြည့်အစုံကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

Loading