ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် မြေမြှုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရမှုများနှင့် သေဆုံးမှုများ ရှိနေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ကျောက်ကြီးမြို့နယ် မြောင်ဦးကျေးရွာနေ ဦးတင်ညွန့်သည် မတ် ၂၆ ရက်နေ့ မွန်းလွဲ အချိန်၌ ကျောက်ကြီးမြို့နယ် ကျောက်အိုင် အနီးတွင် ဒေသန္တရနင်းမိုင်း တလုံး နင်းမိပြီး ပေါက်ကွဲ ဒဏ်ရာရခဲ့ကြောင်း၊ အလားတူ အဆိုပါရွာနေ ဦးစိုင်းအောင်သည် မတ် ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်က ကျောက်ကြီးမြို့နယ် ဖိုးကျောက်ကြီးကုန်းတွင် ဒေသန္တရနင်းမိုင်း တလုံး နင်းမိပြီး ပေါက်ကွဲ ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။