သင်္ကြန်ကာလ နံနက် ၆ နာရီမှ ညနေ ၆ နာရီ အတွင်း ရန်ကုန်မြို့ရှိ လမ်းတချို့ကို တလမ်းမောင်း သတ်မှတ်မည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ထုတ်ပြန်ထားသည်။ ဆရာစံလမ်းတွင် ကမ္ဘာအေး စေတီလမ်းဆုံ (ဟာမစ်တစ်)မှ စက်မှု ၁ လမ်းဆုံ (ရန်ကင်းစင်တာ) အထိ အနောက်မှ အရှေ့သို့ လည်းကောင်း၊ မဟာဗန္ဓုလလမ်းတွင် ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းအထိ အရှေ့မှအနောက်သု့ိ လည်းကောင်း၊ ကန်တော်ကြီး ပတ်လမ်း ဦးထောင်ဘိုအဝိုင်း၊ တိရစ္ဆာန်ဥယျာဉ် ဘက်မှ ကန်ရိပ်သာလမ်းသို့ အဝင်လမ်း သတ်မှတ်မည် ဖြစ်ပြီး ကန်ရိပ်သာလမ်း အတိုင်း လက်ဝဲရစ်မောင်းနှင်၍ ယင်းမှတစ်ဆင့် နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးစေတီ လမ်းဆုံသို့ အထွက်အဖြစ်လည်းကောင်း၊ ကန်တော်ကြီးပတ်လမ်း ချဉ်းကပ်လမ်းများ အားလုံး ညာကွေ့ပြီး လက်ဝဲရစ်သွား ရမည် ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းသို့ ဝင်ရောက်မည့် အထက်ပန်းဆိုးတန်း လမ်းမှ ယာဉ်များသည် ဒေါ်သိန်းတင်မီးပွိုင့်မှ လည်းကောင်း၊ သိမ်ဖြူလမ်းမှ ယာဉ်များသည် သိမ်ဖြူငါးခွဆုံမှလည်းကောင်း လမ်းလွှဲအတိုင်း သွားရမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။