ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး Mr. Toily Kurbanov က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ယမန်နေ့က ကြေညာချက်တရပ် ထုတ်ပြန်သည်။ စစ်တွေမြို့ရှိ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအား အမည်မသိသူများက တိုက်ခိုက်ခဲ့သည့် အပေါ် အထူး စိုးရိမ် မိကြောင်း၊ ရခိုင်ပြည်နယ်ရှိ နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာ အစိုးရက အကာအကွယ်ပေးရန် တောင်းဆိုကြောင်း၊ ကုလ သမဂ္ဂ၏ လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများနှင့် အကူအညီများ ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် စစ်တွေမြို့၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နိုင်ငံခြားသားများ အားလုံးကို စစ်တွေ ဟိုတယ် တွင် လုံခြုံရေးပေးထားကြောင်း၊ ထိုနိုင်ငံခြားသားများ ရန်ကုန်ပြန်နိုင်ရေး စီစဉ်ပေးနေကြောင်း ဗီအိုအေ သတင်းတရပ်တွင်လည်း ဖော်ပြထားသည်။ ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မတ်လ ၂၆ ရက်နေ့က Malteser International အဖွဲ့ နေအိမ်အား လည်းကောင်း၊ မတ် ၂၇ ရက်နေ့တွင် ICRC အဖွဲ့ နေအိမ်နှင့် UNHCR ရုံးအားလည်းကောင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ မြန်မာ အစိုးရက ယင်းဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ ဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။