၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေနှင့် ပတ်သက်၍ အလေးထား ကာကွယ် ပြောဆိုသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော် တွင် အဓိက တာဝန်ရှိကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အမျိုးသားညီလာခံက ချမှတ်သည့် အခြေခံမူ ၁ဝ၄ ချက်ကို အခြေခံ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ထောက်ခံဆန္ဒမဲပေးသူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း၏ဆန္ဒကို လေးစားရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အခန်း ၁၂ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထားသည်နှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။ ထို့အပြင် ၁၉၄၉ ၊ ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုများသည် တပ်မတော်က နိုင်ငံတော်ကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ယမန်နေ့ က ပြောဆိုသွားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။