ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ၂၀၁၄ ခုနှစ်၊ မတ် ၂၆ နှင့် ၂၇ ရက်နေ့များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ထိထိရောက် အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ကြောင်း သိရသည်။ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး အဖွဲ့ဝင် ၅ ဦးပါဝင်သည့် အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို သမ္မတရုံးက မတ် ၂၈ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးခြင်း ဖြစ်ကြောင်း၊ Malteser International အဖွဲ့ ငှားရမ်းထားသည့် နေအိမ်၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများမှ နိုင်ငံခြားသားများ ငှားရမ်းနေထိုင်သည့် နေအိမ်များနှင့် ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်များကို အကြမ်းဖက် ဖျက်ဆီးမှုများတွင် ပါဝင်သူများ၊ ပြစ်မှုကျူးလွန်သူများကို စုံစမ်း ဖော်ထုတ်ရန်နှင့် ပြည်နယ် အုပ်ချုပ်ရေးအပိုင်းမှ အဓိကတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန်ဖြစ်ကြောင်း၊ စုံစမ်းတွေ့ရှိမှု အစီရင် ခံစာကို ဧပြီလ ၇ ရက်နေ့ထက် နောက်မကျစေဘဲ သမ္မတရုံးသို့ ပြန်လည် တင်ပြရမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။