မြန်မာနိုင်ငံတဝန်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို မတ် ၃၀ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့ အထိ ၁၂ ရက်ကြာ ကောက်ယူနေပြီ ဖြစ်သည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန် အဖြစ် မတ် ၂၉ ည သန်းခေါင်ယံကို သတ်မှတ်ထားပြီး ယင်း အချိန်ရှိ နိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာကို မှတ်တမ်းတင်မည် ဖြစ်ကြောင်း၊ တနိုင်ငံလုံးတွင် ကောက်ကွက်ပေါင်း ၈၀၉၈၅ ကွက် ရှိပြီး၊ မြေပြင်စာရင်း ကောက်ယူမည့် စာရင်းစစ် စာရင်းကောက် စုစုပေါင်း အင်အား ၁၁၁၂၅၄ ဦး ကို သင်တန်းပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း မေးခွန်း ၄၁ ခု မေးမြန်း ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။ ရှေးမြန်မာမင်းများ လက်ထက် သာလွန်မင်းနှင့် ဘိုးတော်ဘုရားတို့ လက်ထက်က တကြိမ်စီ၊ ကိုလိုနီခေတ်တွင် ၁၈၇၂ ၊ ၁၈၈၁ ခုနှစ်များတွင် အောက်မြန်မာမြည်၌ လည်းကောင်း၊ ထို့နောက် ၁၈၉၁ မှ စ၍ ၁၀ နှစ် တကြိမ် သန်းခေါင်းစာရင်းကို ကောက်ယူခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၃၊ ၁၉၅၄ ခုနှစ်၊ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်တို့တွင် သန်းခေါင်စာရင်းများ ကောက်ယူနိုင်ခဲ့သည်။ ယခု နှစ်ပေါင်း ၃၀ ကျော်အကြာတွင် ပြန်လည်ကောက်ယူခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။