သတင်းတို

မိကျောင်းကန် သပိတ်စခန်း အင်အားသုံးဖယ်ရှား ခံရ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် ဖွင့်လှစ်ထားသည့် မိကျောင်းကန် သပိတ်စခန်းကို သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့ကြောင်း သိရသည်။ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ပြည်သူများက ၎င်းတို့၏ အသိမ်းဆည်းခံမြေများ ပြန် လည်ရရှိရေး ဆန္ဒထုတ်ဖော်သည့် တတိယ အကြိမ်မြောက် သပိတ်စခန်းကို မတ် ၂၄ ရက်က ရန်ကုန်မြို့တော် ခန်းမအနီး၊ မဟာ ဗန္ဓုလပန်းခြံ ဘေးတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ မတ် ၃၀ ရက် နံနက် ၃ နာရီခွဲ ဝန်းကျင်က အင်အားသုံး ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဖယ်ရှားမှုကြောင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

Loading