ရှမ်း တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီမှ ပြည်နယ် လွှတ်တော်အမတ် သုံးဦးနှင့် ပါတီဝင် ၁၀၀၀ ကျော်တို့သည် မတ်လ ၂၇ ရက်တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ ကျောက်မဲမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်က ပါတီ ကိုယ်စားလှယ်များသည် ရှမ်းတိုင်းရင်းသားတို့၏ အမျိုးသားရေး လုပ်ပိုင်ခွင့်နှင့် ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လုပ်ပိုင်ခွင့် မရရှိကြောင်း၊ ရှမ်းပါတီ ၂ ခု ပူးပေါင်းရန် ဖိအားပေး ခံရခြင်းတို့ကြောင့် နုတ်ထွက်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ အခြားနုတ်ထွက်သည့် လွှတ်တော် ကိုယ်စားလှယ် ၂ ဦးမှာ မိုင်းတုံမြို့နယ် အမှတ် ၁ မဲ ဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးနှင့် မိုင်းရယ်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ဦးစိုင်းစံဖ (ခေါ်) ဦးစိုင်းစင်ပန်ဖ တို့ ဖြစ်ပြီး နုတ်ထွက်သည့် ပါတီဝင်များမှာ ကျောက်မဲ၊ မိုင်းတုံနှင့် မိုင်းရယ်မြို့များမှ SNDP ပါတီဝင်များ ဖြစ်ကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။